#Local_News
Published_ 21 April 2023

 

ခရီးသွားမော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးမှု တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ပြုံးမြင့် နှင့် ၎င်း၏မြေး ဖြစ်သူ အသက် ၁၅ နှစ်အရွယ် မသဲနုရွှေစင်တို့သည် တောင်သုံးလုံးကျေးရွာနေ အသက် ၃၉ နှစ်အရွယ် ကိုထွန်းမောင် မောင်းနှင်သည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် ထားဝယ်မြို့မှ ကျောက်မဲတောင်ကျေးရွာသို့ ပြန်လာစဉ် သရက်ငုတ်ကျေးရွာအနီးသို့ အရောက်တွင် ပစ်ခတ်ခံခဲ့ရခြင်းကြောင့် မသဲနုရွှေစင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ အရပ်သားများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။

 

#ymg/mt #Local_News #မော်တော်ယာဉ် #ထားဝယ် #သေဆုံးမှု #YMG
#Yangon_Media_Group