#Local_News
Published_ 21 April 2023

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ၌ လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြံရေးတပ်ဖွဲ့ဝင်များအား သင်္ကန်းများ ဝတ်ဆင်၍ ရဟန်းသံဃာအယောင်ဆောင်ထားသူများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

 

ဧပြီလ ၂၀ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် အဆိုပါ သင်္ကန်းများ ဝတ်ဆင်၍ ရဟန်းသံဃာများ အယောင်ဆောင်ထားသူများက Mazda Titan Truck အမျိုးအစား မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပစ်ခတ်ခဲ့သူများကို အမြန်ဆုံးဖမ်းဆီးရမိရေး လုပ်ဆောင်နေကြကြောင်း သိရသည်။

 

#ymg/mt #Local_News #ပုသိမ်ကြီး #လုံခြုံရေးတပ်ဖွဲ့ဝင် #ပစ်ခတ်တိုက်ခိုက်
#YMG #Yangon_Media_Group