#Local_News
Published_ 21 April 2023

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဧပြီ ၁၉ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် ည ၉ နာရီခွဲအချိန်ခန့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ရှောင်လမ်းတွင် စိုင်းအောင်ဆာ မောင်းနှင်ပြီး စိုင်းပူးခမ်းလိုက်ပါလာသည့် Crown မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။

 

ထို့သို့ရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်အိတ် ၂၉၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၀ ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

 

သို့ဖြစ်၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အလားတူ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရမိရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

#ymg_mnn #Local_News #တာချီလိတ် #စိတ်ပြောင်းဆေးဝါး #YMG
#Yangon_Media_Group