#Local_News
Published_ 21 April 2023

ဧပြီလ ၂၀ ရက်တွင်ကျင်းပသည့် “Tiangong အာကာသစခန်းမှ အာကာသယာဉ်မှူးများနှင့်စကားဝိုင်း - Shenzhou -15 အာကာသယာဉ်မှူးများနှင့် Shanghai Cooperation Organization (SCO) အဖွဲ့ဝင်နိုင်ငံမှ လူငယ်များ အမေးအဖြေအစီအစဉ်” အွန်လိုင်းသင်ခန်းစာတွင် မြန်မာနိုင်ငံ အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသားကျောင်းသူ ၂၀ ဦးတက်ရောက်ပါဝင်ခဲ့ကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါအစီအစဉ်တွင် SCO အဖွဲ့အတွင်းရေးမှူးချုပ် Mr. Zhang Ming၊ SCO ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Ms. Cui Li ၊ All-China Youth Federation အသင်း ဒုတိယဥက္ကဋ္ဌ Mr. Fu Zhenbang၊ အာကာသယာဉ်မှူးကိုယ်စားလှယ် Mr. Cai Xuzhe တို့မှ အမှာစကားပြောကြားခဲ့ပါတယ်။

 

ထို့နောက် Shenzhou-15 အာကာသယာဉ်မှူး Mr. Fei Junlong၊ Mr. Deng Qingming၊ Mr. Zhang Lu တို့သည် Tian Gong အာကာသစခန်းပေါ်မှ SCO အဖွဲ့ဝင်နိုင်ငံမှ လူငယ်များက တရုတ်အာကာသယာဉ်မှူးများ၏ အာကာသခရီးစဉ်အပေါ် သိရှိလိုသည့်မေးခွန်းများကို ဖြေကြားကြပါတယ်။

 

မြန်မာအထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသားကျောင်းသူ ၂၀ ဦးသည် ယခုအစီအစဉ်တွင် ပါဝင်ခဲ့ကြပါတယ်။

 

Shenzhou-15 အာကာသယာဉ်မှူးများသည် အာကာသအတွင်း၌ နေထိုင်လုပ်ကိုင်နေသည်မှာ ၄ လ ကျော်ကြာပြီ ဖြစ်ပါတယ်။

 

ယခုအကြိမ်အစီအစဉ်သည် တရုတ်နိုင်ငံအာကာသလုပ်ငန်းနှင့် မြန်မာလူငယ်ကျောင်းသားကျောင်းသူများကို ပိုမိုနီးစပ်လာစေရန်ဖြစ်ပြီး တရုတ်သံရုံးက စီစဥ်ပေးခဲ့တာဖြစ်ပါတယ်။

 

#ymg_mnn #Local_News #တရုတ် #အမေးအဖြေအစီအစဉ် #YMG
#Yangon_Media_Group