#Local_News
Published_ 18 April 2023

ဧပြီ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်က ပြင်ဦးလွင်-မန္တလေးသွားကားလမ်း မီးသတ်ကွေ့အရောက်တွင် အိမ်ကားတစ်စီး အရှိန်လွန်ပြီး ချောက်ထဲထိုးကျမူ ဖြစ်ပွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

 

အဆိုပါယာဉ်ပေါ်တွင် လူ ၅ ဦး လိုက်ပါလာပြီး ပြင်ဦးလွင်မြို့နယ် မီးသတ်ကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း အဆိုပါအသင်းတာဝန်ခံကပြောသည်။

 

ကားပေါ်တွင် လိုက်ပါလာသူ ၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း စိုးရိမ်ရတဲ့အခြေအနေမရှိကြောင်း သိရသည်။

 

ဒဏ်ရာ ရရှိသူတွေကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း နှင့် စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောတို့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ymg/ynzw
#Local_News #ပြင်ဦးလွင် #အိမ်ကားတစ်စီး #အရှိန်လွန်ပြီးချောက်ထဲထိုးကျ #ထိခိုက်ဒဏ်ရာရ #YMG #Yangon_Media_Group