#Local_News
Published_ 18 April 2023

သင်္ကြန်အပြီးတွင် ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ (၃၈၃)ခုထပ်မံခေါ်ယူကြောင်း တိုကျိုမြို့ရှိမြန်မာသံရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊

 

ထုတ်ပြန်ချက်တွင် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

 

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း၊



မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ဧပြီလ (၁၈) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၈၃) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ကြောင်း ဖော်ပြပါရှိသည်၊၊
ymg/tthl
#Local_News #သင်္ကြန်အပြီးတွင် #ဂျပန်နိုင်ငံ #အလုပ်ကမ်းလှမ်းစာ
#YMG #Yangon_Media_Group