#Myanmar_News
Published_ 17 April 2023

အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/သူ၉၈ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ယနေ့ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နစက,က အမိန့် အမှတ် ၂၉/၂၀၂၃ ဖြင့်ထုတ်ပြန်ကြေညာပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ " နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်'ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီးပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

နစက ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ယခုလိုဆောင်ရွက်လိုက်တာဖြစ်တယ်လို့လည်း အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု #နစက #ပြည်နှင်ဒဏ်ပေး
#YMG #Yangon_Media_Group