Published -15 April 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ဓမ္မာရုံတစ်ခု၌ ယနေ့ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက် ညနေ ၅ နာရီခွဲအချိန် သင်္ကြန်ရေကစားနေစဉ် Drop Bomb ၂ လုံး ဖြင့် တိုက်ခိုက်ခံခဲ့ရသည့်အတွက် ကလေး၃ဦးအပါအဝင် အရပ်သား ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ ကလေးသူငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများက မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားနေကြစဉ်အကြမ်းဖက်သမားများက Drone ယာဉ်တစ်စီးဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ယင်းကြောင့် အဆိုပါလူနာများအား အရာတော်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် ကုသမှုခံယူစေလျက်ရှိကြောင်း ၊ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့် နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းမှာ ဂျီနီဗာ ကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်၍ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များ အပါအဝင်အရပ်သားများ ရေကစားနေစဉ် Drop Bomb ဖြင့် ယပစ်ချတိုက်ခိုက်ခဲ့သဖြင့် မျိုး သား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။

၎င်းပေါက်ကွဲမှုများအပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ကပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

 

ymg/mt
Yangon_Media_Group