Published -15 April 2023

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် ယနေ့နံနက်ပိုင်း မဟာသင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်က ကလေးသူငယ်များ အပါ အဝင် ပြည်သူများရေကစားနေစဉ်  Drop Bomb ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ယနေ့ နံနက် ၉ နာရီ ခွဲခန့်က အကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊ယင်းဒဏ်ရာရသူများအား

လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းသိရသည်။

ယင်းသို့ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ ရေကစားနေသည့်နေရာကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန်ဗန်းရှင်း နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်း ဖြစ်သည့်အတွက် ကျူးလွန်ခဲ့သူများအားအမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ymg/mt

Yangon_Media_Group