#Local_News
Published_ 15 April 2023

ရခိုင်ပြည်နယ်ဂွမြို့နယ် ကျိန္တလီဒေကမ်းနီးငါးလုပ်ငန်းစီမံခန့်ခွဲမှုဧရိယာအတွင်း ပင်လယ်လိပ်ထိန်းသိမ်းရေးအသင်းမှ ကမ်းခြေများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသောပင်လယ်လိပ်များမှာ ပေါက်ပွားသည့် လိပ်သားပေါက် ၇၅ ကောင်ကို ဧပြီလ ၁၅ ရက် ယနေ့တွင် ပင်လယ်ရေထဲသို့ ထပ်မံ လွှတ်ပေးခဲ့ကြောင်း ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့ က သိရသည်။

 

လိပ်ကျင်းများကို သဘာဝအတိုင်းပေါက်ဖွားနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် လူရောက်‌သည့်နေရာ ဒီရေရောက်သည့်နေရာများမှ လိပ်ကျင်းများကို စိတ်ချရသည့်နေရာသို့ ပြောင်းရွှေ့စနစ်ဖြင့် သားဖောက်ပေးနေရာမှ ပေါက်လာသည့် လိပ်သားပေါက်များကို လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့ အနေဖြင့် ကျေးရွာများအတွင်း ပင်လယ်လိပ်ထိန်းသိမ်းရေး‌ကော်မတီကို ဖွဲ့စည်းပေးထားပြီး ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်အတွင်း စောင့်ရှာထားသည့် လိပ်ကျင်း ၁၁ ခုထဲမှ ပြီးခဲ့သည့်ဧပြီလ ၈ ရက်ကလည်း လိပ်သားပေါက် ၁၄၅ ကောင်ကို ပင်လယ်ထဲသို့ လွှတ်ပေးခဲ့သေးသည်။

Photo-KIFCA
#ymg/mt
#Local_News #ကျိန္တလီကမ်း‌ခြေ #ပင်လယ်ထဲသို့လိပ်သားပေါက်၇၅ကောင်ထပ်မံလွှတ်ပေး
#YMG #Yangon_Media_Group