Published_ 9 April 2023

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပေါ်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသူများကို ဖမ်းမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၄ ရက် ညပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်ရပ်ကွက်၊ ရွှေလှိုင်လမ်းရှိ အိမ်အမှတ်(၈၀)၌ Special Task Agency - STA အဖွဲ့ဝင် ဇော်ထက်အောင်(ခ)ညီညီ ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီး(အရှေ့)ရပ်ကွက်၊ ကျောင်းကြီး လမ်းရှိ တိုက်အမှတ်(၇၁)၌ အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ) ဝင်းလွင်ဦး ကို Sig Sauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ပွိုင့်-၃၈၀ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းမှုန့် ၉ ထုပ်၊ ကာဗွန် ၂၀၀ ချောင်း၊ ကန့် ၁ ထုပ်၊ သံဘောစေ့ ၁၃ ဘူး၊ သံတိုသံစ ၁ အိတ် တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ယင်းဖြစ်စဉ်တွင် ဖမ်းမိသော အမျိုးသား ၂ ဦးကို ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ပွိုင့်- ၃၈၀ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းမှုန့် ၉ ထုပ်၊ ကာဗွန် ၂၀၀ ချောင်း၊ ကန့် ၁ ထုပ်၊ သံဘောစေ့ ၁၃ ဘူး၊ သံတိုသံစ ၁ အိတ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိ သူများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလခန့်တွင် KNLA တမဟ(၆)လှုပ်ရှားနယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့အနီး တောတွင်း၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း လတက်ရောက်ခဲ့ပြီး လက်လုပ်မိုင်းပြုလုပ်နည်းနှင့် ဖောက်ခွဲနည်း များကို သင်ယူခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလခန့်တွင် STA အမည်ခံအကြမ်းဖက်အဖွဲ့ကို ထွက်ပြေးနေသည့် စိုးသူရထွန်း ၊ စွန်ရဲ နှင့် တေဇ(ခ)ထိန်လင်း တို့ခေါင်းဆောင်၍ ဇော်ထက်အောင်(ခ)ညီညီ၊ရဲမင်းပိုင် (ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး၊ နိုင်နိုင်ဝင်း(ခ)ထက်အာကာ၊ ကောင်းထက်(ခ) ဖိုးစည်၊ ချမ်းမြေ့သူ(ခ)ဂျူးဂျူး၊ ဖမ်းဆီးရန်ကျန် သည့် နေမင်း(ခ) သက်ပိုင်စိုး၊ မင်းသားကြီး၊ မာမီ၊ ကိုပြည့်၊ သားငယ်၊ ပီရှိန်း၊ ကိုသက်၊ ဖြူလေး၊ ဘန်းကြီး၊ ဝသုန်စိုး၊ ဥက္ကာနှင့် အရိုးတို့ ပါဝင်သော အဖွဲ့ဝင် ၂၀ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ဇော်ထက်အောင် (ခ)ညီညီ နှင့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး တို့သည် ဖမ်းဆီးရန်ကျန် တေဇ(ခ)ထိန်လင်း ထံမှ လက်နက်၊ခဲယမ်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကိုယူဆောင်ကာ ကြာအင်းဆိပ်ကြီးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး ရဲမင်းပိုင် (ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး ၏ နေအိမ်တိုက်ခန်း၌ လက်လုပ်မိုင်းများကို စတင်စမ်းသပ် ပြုလုပ်ခဲ့ကြောင်း ၊ ဇော်ထက်အောင်(ခ)ညီညီနှင့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး တို့ ၂ ဦးသည် ထွက်ပြေးနေသူ စိုးသူရထွန်း ၊စွန်ရဲ နှင့် တေဇ(ခ)ထိန်လင်း တို့၏ခိုင်းစေမှုဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ယမ်းများကို ကော်ခွက် ၅၀ ခုအတွင်းသို့ ထည့်သွင်းကာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ သင်္ကြန်မဏ္ဍပ် အားလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်းရုံးလည်းကောင်း၊ ရန်ကုန်မြို့ အတွင်းရှိ လူစည်ကားသည့် သင်္ကြန်မဏ္ဍပ်များကိုလည်းကောင်း မိုင်းထောင်ဖောက်ခွဲပြီး တစ်ချိန်တည်း မှာပင် ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်ရန်စီစဉ်ထားရှိခဲ့ကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများအောင်မြင်ပါက ထွက်ပြေးနေသည့် စိုးသူရထွန်း မှ ငွေကျပ် ၁၀ သိန်း ပေးမည်ဟု ညှိနှိုင်းသဘောတူထားခဲ့ကြောင်းလည်းသိရပါတယ်။

ထို့အပြင် မတ်လ ၂၈ ရက်မှစ၍ ဇော်ထက်အောင်(ခ)ညီညီ သည် ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေသည့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်း၌ ကွမ်းယာဆိုင်ဖွင့်လှစ်ကာ မဏ္ဍပ်ဆောက်လုပ်နေမှု အခြေအနေနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေကို ကြိုတင်လေ့လာစောင့်ကြည့်ခဲ့ကြောင်း လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ymg/mt