Published 9 April 2023

 မြန်မာနိုင်ငံရဲ့ အသားအရေအလှအပထိန်းသိမ်းရေး ဈေးကွက်ဟာ ၂၀၁၉ခုနှစ်မှာ ဒေါ်လာ ၂၇၂.၃ သန်းရှိလာခဲ့ရာမှ ၂၀၂၇ ခုနှစ် အရောက်မှာ ဒေါ်လာ ၅၀၁.၆သန်းအထိတိုးတက်လာမယ်လို့ နိုင်ငံတကာ ဈေးကွက်သုတေသအဖွဲ့အစည်းတစ်ခုကခန့်မှန်း လိုက်ပါတယ်။

လူဦးရေ၅၄သန်းခန့်ရှိနေတဲ့ မြန်မာနိုင်ငံမှာ လူငယ်အချိုးအစားဟာ မျှတတဲ့ အနေအထားမှာရှိနေတဲ့အတွက်  လှုပ်ရှားတက်ကြွမှုရှိတဲ့ စားသုံးသူ အခြေခံကို ဖန်တီးပေးထားတယ်လို့ အဆိုပါ Allied Market Research ရဲ့ သုတေသတွေ့ရှိချက်ထဲမှာဖော်ပြထားပါတယ်။

မြန်မာအသားအရေအလှအပထိန်းသိမ်းရေးထုတ်ကုန်ဈေးကွက်ဟာ ယှဉ်ပြိုင်ရမှု မျှမျှတတရှိနေပြီး နိုင်ငံတကာထုတ်ကုန်ရော ပြည်တွင်းထုတ်ကုန်တွေရော နေရာရနေတာဖြစ်တယ်လို့လည်း အဆိုပါအစီရင်ခံစာကဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ စားသုံးသူတွေဟာ လျှော့ဈေးပေးတဲ့အပေါ် ကြီးမားစွာ မှီခိုထားပြီး အရည်အသွေးကောင်းတဲ့ အသားအရေအလှအပ ထုတ်ကုန်တွေကို လျှော့ဈေးနှင့်ရတာကို ပိုသဘောကျကြတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက သုံးစွဲသူတွေဟာ အယ်ကိုဟောနှင့် တိရစ္ဆာန်တွေသတ်ဖြတ်ရာကနေရရှိတဲ့ အရေပြားအလှထုတ်ကုန်တွေကို မကြိုက်ကြဘူးလို့လည်း ပြောပါတယ်။ မြန်မာ့ဈေးကွက်မှာ Dove၊ Neutrogenaနှင့် Panteneအမှတ်တံဆိပ်တွေ  နေရာ ကောင်းကောင်းယူထားကြပြီး ဈေးကြီးတဲ့ထုတ်ကုန်တွေကို နိုင်ငံခြားသားတွေ၊ အထက်တန်းလွှာတွေနှင့် အလယ်အလတ်အထက်လူတန်းစားတွေက နှစ်သက်ကြတယ်လို့လည်း အဆိုပါအစီရင်ခံစာကပြောပါတယ်။

မြန်မာ့ဈေးကွက်မှာ ခရင်မ် cream အရေပြားအလှကုန်ပစ္စည်းတွေဟာ ၂၀၁၉ခုနှစ်မှာ ဦးဆောင်နေပြီး အခြားသော ပစ္စည်းအမျိုးအစားတွေလည်း နေရာတိုးပြီးယူလာနိုင်မယ့် အခြေအနေရှိနေပါတယ်။

၂၀၁၉ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံ အရေပြားအလှကုန်တွေရဲ့ သုံးပုံနှစ်ပုံဟဟာ အမျိုးသမီးတွေအတွက်ဖြစ်ကြပြီး အမျိုးသားသုံးအရေပြားအလှကုန်အချိုးအစားကလည်း တိုးလာနေဖို့ရှိနေပါတယ်။

ဖြန့်ချိရေးမှာ စူပါမားကက်တွေနှင့် ဟိုက်ပါမားကက်တွေမှာ အရောင်းရဆုံဖြစ်ပြီး အွန်လိုင်းကနေရောင်းတာတွေလည်း တိုးတက်လာဖို့ရှိနေပါတယ်။

အဆိုပါ မြန်မာ့အသားအရေအလှကုန်ဈေးကွက်နှစ်စဉ်တိုးတက်မှုအစီရင်ခံစာ ၂၀၂၁-၂၀၂၇ အတွက် အချက်အလက်တွေကို L’Oréal S.A၊ Kao Corporation၊ Estee Lauder ၊Revlon Inc၊ ၊ Unilever Group ၊Shiseido Company Limited၊ Procter & Gamble ၊ Frenzo Myanmar Company Limited ၊Beiersdorf AG နှင့်  ရွှေပြည်နန်းတို့ကနေရရှိတယ်လို့လည်း ဖော်ပြ ထားပါတယ်။

Source: https://www.einnews.com/pr_news/626806138/myanmar-skin-care-products-market-expected-to-reach-501-6-million-by-2027-l-or-al-s-a-kao-corporation-estee-lauder

 Photo Credit: The Skin District 9

-ymg/knl

#မြန်မာနိုင်ငံအသားအရေထိန်းသိမ်းရေးအလှကုန်ဈေးကွက်

#မြန်မာ့အသားအရေအလှကုန်ဈေးကွက်

#YangonMediaGroup