#Local_News
Published_ 9 April 2023

မန္တလေး-လာရှိုး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၁/၆)နှင့်(၇၁/၇)ကြားတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်ခေါင်းခန်းတွင် ညှပ်မိနေသော အမျိုးသား နှစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

 

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ နောင်ချိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ခေါင်းခန်းတွင် ညှပ်မိနေသော အမျိုးသား နှစ်ဦးကို မီးသတ်တပ်ဖွဲ့ပိုင် Hydraulic Rescue Tool များအသုံးပြု၍ ကယ်ဆယ်ရွှေ့ထုတ်ခဲ့ကြရကြောင်း သိရသည်။

 

အဆိုပါ နှစ်ဦးကို ဖြူစင်မေတ္တာလူမှုရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

ymg/mt
#Local_News #မန္တလေး-လာရှိုးလမ်းမကြီး # ယာဉ်တိမ်းမှောက်မှု
#YMG #Yangon_Media_Group