Published 31 march 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားများကို ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကိုပြောပါတယ်။ အဲဒီအပြင် အချို့သော နိုင်ငံခြားဘဏ်တွေက မြန်မာနိုင်ငံက ငွေကြေးအဝင်အထွက်တွေကို လက်မခံတော့ဘူးဆိုတဲ့ကောလဟလ သတင်းတွေကိုလည်း ငြင်းဆိုလိုက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံခြားဘဏ်တွေနှင့် လက်တွေ့မှာ ပုံမှန်လည်ပတ်ဆောင်ရွက် နေဆဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောကြားခဲ့ပါတယ်။

-ymg/knl