#Local_News
Published_ 31 March 2023

 

မန္တလေးတိုင်းဒေသကြီး တောင်သမာန်အင်း ကန်ပတ်လမ်းအနီးတွင် မွေးကင်းစကလေးငယ် စွန့်ပစ်ခံရပြီး သေဆုံးနေလျက်တွေရှိကြောင်းလူငယ်အားမာန်ပရဟိတအသင်းမှသိရသည်။

 

မတ်လ ၃၀ရက်နေ့ မနက်၉နာရီခန့်က တောင်သမာန်အင်း ကန်ပတ်လမ်းမှာ မွေးကင်းစကလေးအလောင်းကိုလာရောက်စွန့်ပစ်ထားကြောင်း ရပ်ကွက်နေပြည်သူများက လူငယ်အားမာန်ပရဟိတအသင်းကို ဆက်သွယ်အကြောင်းကြားသည့်အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အသင်းတာ၀န်ခံက YMG ကိုပြောသည်။

 

မွေးကင်းစကလေးငယ်မှာ ၂ ရက်သားခန့်ရှိပြီဖြစ်ပြီး ချက်ကြိုးတန်းလမ်းဖြင့်လာရောက်စွန့်ပစ်တာဖြစ်ကြောင်း သိရသည်။ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်အရ ကလေးငယ်ကို အမည်မသိအမျိုးသားတစ်ဦးကဆိုက််ကယ်ဖြင့် လာရောက်ကာပလတ်စတစ်အိတ်ဖြင့် လာစွန့်ပစ်သည်ကိုတွေ့ကြောင်း သိရသည်။

 

စွန့်ပစ်ခံရပြီး သေဆုံးနေသည့် ကလေးငယ်၏ ရုပ်အလောင်းကို အမရပူရမြို့ နယ် လူငယ်အားမာန် လူမှုကူညီရေးအသင်းက ကောက်ယူ သယ်ဆောင်ပြီး ပိုးမွှားများသန့်စင်ပေးကာ တောင်အင်းမြောက်အင်းသုသာန်တွင်ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရသည်။

 

Photo: လူငယ်အားမာန် လူမှုကူညီရေးအသင်
ymg/ynzw
#တောင်သမန်အင်း #မွေးကင်းစကလေးငယ် #ရုပ်အလောင်းတွေ့ရှိ
#YMG #Yangon_Media_Group