#Local_News
Published_ 31 March 2023

 

ယခုလအတွက် အောင်ဘာလေထီလက်မှတ် ကျပ်၁၀၀၀တန်ရောင်းရငွေမှာ ကျပ်သန်းပေါင်း ၅၂၁၄ကျော် ရရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှသတင်းထုတ်ပြန်ထားသည်။

 

၂၀၂၃ခုနှစ် ဧပြီလ ၁ရက်နေ့တွင်ကျင်းပမည့် (၄၉)အောင်ဘာလေထီလက်မှတ်များကို"က" အက္ခရာမှ "ဆ" အက္ခရာအထိ စုစုပေါင်းအက္ခရာ (၇)လုံးတွင်းထီစာအုပ်ပေါင်း (၅၂၁၄၃၀) ရောင်းချခဲ့ကြောင်းအဆိုပါအောင်ဘာလေသိန်းဆုဌာနခွဲမှသိရသည်။

 

ထီလက်မှတ်များရောင်းရငွေများမှ ၇၀ ရာခိုင်နူန်းကိုဆုငွေအဖြစ်ပြန်လည်ချီးမြှင့်ပေးမှာဖြစ်ပြီးချီးမြှင့်ပေးမည့် ဆုငွေမှာ (၃၆၅၀.၀၁၀)ဖြစ်ကြောင်းသိရသည်။

 

ဆုမဲအရေအတွက်မှာရောင်းရငွေ ၇၀ ရာခိုင်နူန်းပေါ်အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီးထီဖွင့်ပွဲတွင်ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှရောင်းမကုန်ထီလက်မှတ်များထွက်ပေါ်လာပါက အဆိုပါဆုမဲတန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သောဆုမဲများအဖြစ်ပြန်လည်ဖွင့်လှစ်ပေးသွားဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ymg/ynzw
# အောင်ဘာလေထီ #ကျပ်သန်းပေါင်း ၅ထောင်ကျော်
#YMG #Yangon_Media_Group