#Local_News
Published_ 31 March 2023

 

မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်၍ ကြမ်းတမ်းစွာရေကစားခြင်း၊ ထိပါးနှောက်ယှက်ခြင်းများ အပါအဝင်ရှောင်ကြဉ်ရမည့်အချက်များကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊

 

အဆိုပါ ထုတ်ပြန်ချက်တွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအဖြစ် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်ဆိုသည့်အချက် အပါအဝင် ရည်ရွယ်ချက်လေးချက်ကို ဖော်ပြထားသည်၊၊

 

မဟာသင်္ကြန်ပွဲတော်တွင် ရှောင်ကြဉ်ရမည့်အချက်များအဖြစ်
(၁) မြန်မာလူမျိုးများ၏အမြင်တွင် မတင့် တယ်သည့်နေထိုင်မှု၊ ပြုမှုများကို ရှောင်ကြဉ်ရန်၊

 

(၂)ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုခြင်းမှ ရှောင်ကြဉ်ရန်၊

 

(၃)သူတစ်ပါးအားဒဏ်ရာ အနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့်ကြမ်းတမ်းသည့်ရေကစားမှု၊ ထိပါးနှောက်ယှက်မှုများရှောင်ကြဉ်ရန်၊

 

(၄) တစ်ဦး(သို့မဟုတ်)အဖွဲ့အစည်းများ၏ဂုဏ်သိက္ခာ ထိခိုက်စေသည့် သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများရှောင်ကြဉ်ရန်၊

 

(၅)ယဉ်ကျေးမှုလွန် အဝတ်အစားများဝတ်ခြင်းမှရှောင်ကြဉ်ရန်၊

 

(၆)ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်၏တန်ဖိုးလျော့စေသည့် အပြောအဆို၊အဝတ်အစား၊အစားအစာ၊ အကအခုန်များအလွန်အမင်းလိုက်စားပြုမှုခြင်း၊

 

(၇) အရက်သေစာကိုသိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများရှောင်ကြဉ်ရန်လိုအပ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

#ymg/tthl #Local_News #ယခုနှစ်သင်္ကြန်ပွဲတော် #သံချပ်များ
#YMG #Yangon_Media_Group