#Local_News
Published_ 28 March 2023

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကိုယ်တိုင်ဆောင်ရွက်လိုသူတွေအတွက်လျှောက်လွှာလက်ခံ ဆောင်ရွက်ပေး မယ့်မူပိုင်ခွင့်ဦးစီးဌာနရုံးခွဲတွေကို လာမယ့်ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ စတင်ဖွင့်လှစ်ပေး သွားမည်ဟုလို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနရုံးချုပ်ကနေသိရသည်။

ကုမ္ပဏီကြီးတွေအနေနဲ့ ကိုယ့်ရဲ့ကုန်အမှတ် တံဆိပ်တွေ မှတ်ပုံတင်တာတွေကို ကိုယ်စားလှယ်တွေနဲ့ဆောင်ရွက်လေ့ရှိပေမယ့်လည်း အသေးစား၊အငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေနဲ့ ကိုယ်တိုင်မှတ်ပုံတင်လိုတဲ့ အခြားလုပ်ငန်းရှင်တွေအတွက် အဆင်ပြေစေဖိရန်အတွက် မူပိုင်ခွင့်ဦးစီးဌာနရုံးခွဲတွေကို တိုးချဲ့ဖွင့်လှစ်ပြီးလက်ခံ ဆောင်ရွက်ပေးသွားဖို့ စီစဉ်တာဖြစ်ကြောင်းသိရသည်။

လက်ရှိမှာတော့ ကိုယ်တိုင်လျှောက်ထားတာတွေကို နေပြည်တော်ရှိ မူပိုင်ခွင့်ဦးစီးဌာနရုံးချုပ်မှာသာ ကောင်တာ ဖွင့်လှစ်ပြီး လက်ခံဆောင်ရွက်ပေးနေကြောင်းသိရသည်။

ထပ်မံတိုးချဲ့ဖွင့်လှစ်မယ့် မူပိုင်ခွင့်ဦးစီးဌာနရုံးခွဲတွေကို ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ကမ်းနား လမ်းရှိ ကုန်သွယ်ရေးဦးစီးဌာနရုံး၊ ဒုတိယထပ်မှာကောင်တာဖွင့်လှစ်ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်းသိရသည်။

အလားတူအထက်မြန်မာပြည်အတွက်လည်း မန္တလေးမြို့မှာ ယာယီရုံးခွဲတစ်ခုဖွင့်လှစ်ပြီး လျှောက်လွှာတွေကို လက်ခံဆောင်ရွက်ပေးဖို့စီစဉ်လျက်ရှိကြောင်းသိရသည်။

ymg/pspk
#Yangon_Media_Group