#LocalNews
Published_ 28March 2023

 

မတ်လ၂၈ရက်နေ့ မနက်၄နာရီကျော်ခန့်က တာမွေအိုရှင်းစင်တာရှေ့ မှာ မော်တော်ယာဉ်တစ်စီးတိမ်မှောက်မူဖြစ်ပွားခဲ့ကြောင်းပရဟိတလူများအသင်းမှသိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်ပါ ခရီးသည်များ ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိခဲ့သူ ကျား၅ဦးမ၄ဦးအနက် ကျား၂ဦးမ၃ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းမှသိရသည်။

အဆိုပါတိမ်းမှောက်ခဲ့သည့်ဈေးကားဟာ ငါးဈေးသို့ကုန်သွားရောက်တင်ဆောင်မည့်ကားဖြစ်ပြီးကားပေါ်တွင် ကုန်ပစ္စည်းများပါဝင်ခြင်းမရှိကြောင်း ပရဟိတအသင်းတာဝန်ခံပြောသည်။
ymg/ynzw
#Yangon_Media_Group