#LocalNews
Published_ 23 March 2023

ထိုင်းနိုင်ငံ၊ လာ့တ်ချဘူရီခရိုင်၊ ဘန်ဖယ်မြို့နယ်၊ ဝတ်ကဲ့ယောက်ကျေးရွာအနီး၌ လိုင်းကားပေါ်တွင် လိုက်ပါလာသည့် အထောက်အထာ;မဲ့ မြန်မာနိင်ငံသား(၄၃)ဦးကို ထိုင်းနိုင်ငံ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ ရက်က ဘန်ဖယ်ရဲစခန်းမှ ရဲတပ်ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့အနေဖြင့် ဘန်ဖယ်မြို့နယ်၊ ဝတ်ကဲ့ယောက် ကျေးရွာအနီး၊ဘန်ဖယ်-ဒံနိမ်စဒွက်လမ်းမပေါ်ရှိ ကီလိုမိုင်တွင် ၁၁ တွင် ခရီးသည်တင်ယာဉ် လိုင်းကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်မောင်းမှာ ထိုင်းနိုင်ငံသား အသက် ၆၅ နှစ် အရွယ် ဖိုင်ဘွန်ဆိုသူဖြစ်ကြောင်း ၊ ကားပိုင်ရှင်၏ စေခိုင်းချက်အရ အဆိုပါ မြန်မာနိုင်ငံသားများအား နခွန်ပထုံခရိုင်၊ ဘန့်ဖဲ့ယို့မြို့နယ်မှတစ်ဆင့် လာ့ချဘူရီခရိုင်၊ ဒံနိမ်စဒွက်မြို့နယ်ရှိ အုန်းသီးဂိုဒေါင်သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ဖမ်းမိသော မြန်မာနိုင်ငံသားများနှင့် ခရီးသည်တင်ယာဉ်မောင်းတို့ကို ဘန်ဖယ်ရဲစခန်းသို့ ပို့ဆောင်ထားကာ ထိုင်းနိုင်ငံ၊ ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group