#Local_News
Published_ 16 March 2023

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အတ္ထရံတံတား၏ ပင်မအောက်ခုံပြုပြင်ရန်လိုအပ်သဖြင့် ၃ တန်အထက်ကားများအား ဖြတ်သန်းခွင့်မပြုတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

လက်ရှိအချိန်၌ အတ္ထရံတံတားပေါ်မှ ၃ တန်အောက်ကားများကိုသာ ဖြတ်သန်းခွင့်ပြုပြီး ကားများအား ဖြည်းညင်းစွာမောင်းနှင်၍ တစ်ခြမ်းစီသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

 

"တံတားပိတ်တယ်ဆိုတာ မဟုတ်ပါဘူး ဖွင့်ထားတယ် ၃ တန်အောက်ကားတွေကို ဖြည်းဖြည်းချင်းမောင်းပြီးဖြတ်ခိုင်းတယ် တစ်စီးနဲ့တစ်စီးလည်း ခွာပြီးမောင်းခိုင်းတယ် ဆိုင်ကယ်တွေကတော့ ဖြတ်သန်းရတာလွယ်တယ် ၃ တန်အထက်ကားတွေကတော့ တခြားလမ်းကပတ်သွားရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

၃ တန်အထက်ကားများအား တရနာ-ခရုံဂူ(စံပယ်ဂူ)ကျိုက်မရောလမ်းမှသာ ဖြတ်သန်းသွားလာရန် အတ္ထရံတံတားအနီး၌ ဆိုင်းဘုတ်ထောင်၍ အသိပေးထားကြောင်း သိရသည်။

 

#ymg/ppk #Local_News #အတ္ထရံတံတား #ဖြတ်သန်းခွင့်မပြု
#YMG #Yangon-Media-Group