#Local_News
Published-16 March 2023

 

တရုတ်-မြန်မာနယ်စပ် ဟိုချောင်နယ်စပ်ဂိတ်၏ ယခုနှစ် ပိုကုန် သွင်းကုန်ပမာဏသည် ယွမ် သန်း ၂၀၀ ကျော်လွန်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

၂၀၂၃ ခုနှစ် မတ်လ ၁၂ရက် အထိ တရုတ်-မြန်မာနယ်စပ် ဟိုချောင်နယ်စပ်ဂိတ် တွင် ပြည်ဝင်ပြည်ထွက်သွားလာသူဦးရေ ၁၅၀၀၀ ကျော်၊ မော်တော်ယာဉ်အစီးရေ ၈၀၀၀ ကျော်ကို စစ်ဆေးခဲ့ ပြီးဖြစ်ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထို့အတူ ယွမ်ငွေ သန်း ၂၀၀ ကျော် တန်ဖိုးရှိ ပို့ကုန် သွင်းကုန် တန်ချိန် ၁၃၀၀၀၀ ကျော်ကို စစ်ဆေးနိုင်ခဲ့ ​ကြောင်းလည်းသိရသည်။

 

#ymg/mt #Local_News #တရုတ်-မြန်မာ #ကုန်သွယ်မှု #သံရုံးထုတ်ပြန် #YMG #Yangon- Media -Group