#Local_News
Published_ 16 March 2023

 

ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့၌ ယနေ့ မတ်လ ၁၆ ရက်က ၂၄ ရက်ထိ ကျင်းပမည့် JENESYS U-17 Women’s Football Memorial Cup ပြိုင်ပွဲအတွင်း မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်း နှင့် ဂျပန်၊ ဖိလစ်ပိုင်တို့နှင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းကို အုပ်ချုပ်သူအဖြစ် ဒေါ်ဆုပြည့်စုံအောင်၊ နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းတို့မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အုပ်ချုပ်၊ နည်းပြ ၅ ဦး၊ ကစားသမား ၁၇ ဦး၊ စုစုပေါင်း၂၂ ဦးလိုက်ပါကာ မတ်လ ၁၄ ရက်က ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အာဆီယံမှ အသင်း (၁၀) သင်း၊ ဂျပန် ယူ -၁၆ အမျိုးသမီးလက်ရွေးစင်အသင်း၊ ဂျပန်အမျိုးသမီးကလပ် ယူ -၁၇ အိုကီနာဝါ အက်ဖ်စီအသင်း အပါအဝင် စုစုပေါင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင် အသင်း (၁၂)သင်းကို (၃) သင်းပါ (၄) အုပ်စုခွဲ ၍ အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်၏ကြောင်း သိရသည်။

 

မြန်မာ့ လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်း အနေဖြင့် အုပ်စု (C) တွင် ဂျပန်၊ ဖိလစ်ပိုင်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက် နေပြီး မတ်လ ၁၇ တွင် ဂျပန်အသင်းနှင့်လည်းကောင်း၊ မတ်လ ၁၉ တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

 

အုပ်စု (A)တွင် အိုကီနာဝါအက်ဖ်စီ၊ ဗီယက်နမ်၊ မလေးရှား၊ အုပ်စု (B)တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အုပ်စု (D)တွင်ထိုင်း၊ လာအို၊ တီမော တို့ ပါဝင်ကြကြောင်း ၊ အုပ်စုပွဲစဉ်များပြီးပါက မတ်လ ၂၀ တွင် အုပ်စု( A) တတိယအသင်းနှင့် အုပ်စု (B) တတိယအသင်း၊ အုပ်စု (C)တတိယအသင်းနှင့် အုပ်စု (D) တတိယအသင်း၊ အုပ်စု( A) ဒုတိယအသင်းနှင့် အုပ်စု (B) ဒုတိယအသင်း၊ အုပ်စု (C)ဒုတိယအသင်းနှင့် အုပ်စု (D) ဒုတိယအသင်း၊ အုပ်စု ( A) ပထမအသင်းနှင့် အုပ်စု (B) ပထမအသင်း၊ အုပ်စု (C) ပထမအသင်းနှင့် အုပ်စု (D) ပထမအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

 

မတ်လ၂၁ တွင် အဆင့် ၁၁ နှင့် အဆင့် ၁၂ နေရာအတွက် အုပ်စု( A) တတိယအသင်း – အုပ်စု (B) တတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)တတိယအသင်း – အုပ်စု (D) တတိယအသင်းပွဲစဉ် တို့မှ အရေးနိမ့်သော အသင်းနှစ်သင်း၊ အဆင့် ၉ နှင့် အဆင့် ၁၀ နေရာအတွက်အုပ်စု ( A) တတိယအသင်း- အုပ်စု (B) တတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)တတိယအသင်း – အုပ်စု (D) တတိယအသင်းတို့ ပွဲစဉ် မှ အနိုင်ရသောအသင်း နှစ်သင်း၊ အဆင့် ၇ နှင့် အဆင့် ၈ နေရာအတွက် အုပ်စု( A) ဒုတိယအသင်း- အုပ်စု (B) ဒုတိယအသင်းပွဲစဉ် – အုပ်စု (C)ဒုတိယ အ သင်း နှင့် အုပ်စု (D) ဒုတိယအသင်းပွဲစဉ်တို့မှ အရေးနိမ့်သောအသင်းနှစ်သင်း၊ အဆင့် ၅ နှင့် အဆင့် ၆ နေရာအတွက် အုပ်စု( A) ဒုတိယ အ သင်း- အုပ်စု (B) ဒုတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)ဒုတိယအသင်း – အုပ်စု (D) ဒုတိယအသင်းပွဲစဉ်တို့မှ အနိုင်ရသောအသင်းနှစ်သင်း၊ အ ဆင့် ၃ နှင့် အဆင့် ၄ နေရာအတွက် အုပ်စု( A) ပထမအသင်း- အုပ်စု (B) ပထမအသင်းပွဲစဉ်နှင့် အုပ်စု (C)ပထမအသင်း – အုပ်စု (D) ပထမအသင်းပွဲစဉ်တို့မှ အရေးနိမ့်သောအသင်းနှစ်သင်း၊ အဆင့် ၁ နှင့် အဆင့်၂ နေရာအတွက် အုပ်စု( A) ပထမအသင်း- အုပ်စု (B) ပထမ အ သင်းပွဲစဉ်နှင့် အုပ်စု(C)ပထမအသင်း – အုပ်စု (D) ပထမအသင်းပွဲစဉ်တို့မှ အနိုင်ရ သောအသင်းနှစ်သင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

 

#ymg/mt #Local_News #ဂျပန် #အမျိုးသမီးအသင်း #ဖိလစ်ပိုင်
#YMG #Yangon_Media_Group