#Local_News
Published_ 16 March 2023

 

EV တက္ကစီ ယာဉ်တွေကို မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၄ ရက်နေ့အထိ တစ်လအခမဲ့ စီးနင်းခွင့်နှင့် မောင်းနှင်ခွင့်ပေးသွားမှာဖြစ်ကြောင်း EV Myanmar ကုမ္ပဏီ၏ အုပ်စုခွဲဖြစ်သည့် Myan Tickets ကုမ္ပဏီကထုတ်ပြန်ထားသည်။ မြန်မာလျှပ်စစ်ကား အသွင်ကူးပြောင်းရေး စမ်းသပ်ကာလအတွင်း အများပြည်သူများအသိပြုစေဖို့ရည်ရွယ် အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

လျှပ်စစ်ကားစီးခြင်းဖြင့် ရေရှည်ကုန်ကျစရိတ်သက်သာကြောင်း အများပြည်သူများကို အသိပေးခြင်းဖြစ်ကြောင်း EV ကား ကြောင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်နိုင်ကြောင်း အသိပညာပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအစီစဉ်ပါဝင် စီးနင်းလိုပါက www.myantickets.com တွင် စာရင်းပေးသွင်းပြီး ရန်ကုန်မြို့လသာမြို့နယ်၊ လသာလမ်းမှာလာရောက်စီးနင်းနိုင်ကြောင်း သိရသည်။

 

#ymg/ynzw #Local_News #EV တက္ကစီ #Online မှ စာရင်းပေးနိုင်
#YMG #Yangon_Media_Group