#Local_News
Published_ 15 March 2023

 

ရည်းစားစကားပြောသည်ကိုငြင်းဆန်သည့် ထိုင်းအမျိုးသမီးအား မြန်မာအမျိုးသားတစ်ဦးက ကတ်ကြေးဖြင့်ထိုးခဲ့သောကြောင့် မတ်လ ၁၂ ရက်တွင် အမှတ် ၈၊ ကော့ဖန်ငန်ကျေးရွာ၌ ဖမ်းဆီးခဲ့ကာ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်း မီဒီယာများတွင် ဖော်ပြရေးသားကြသည်။

 

ထိုင်းနိုင်ငံ၊ စုလာ့တ်ဌာနီခရိုင်၊ ကော့ဖန်ငန်မြို့နယ်၊ ကော့ဖန်ငန်ကျေးရွာ၌ နေ ထိုင်သည့် အသက် ၂၉ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးအား မြန်မာနိုင်ငံသား အောင်ထွေးနိုင် ဆိုသူက မတ်လ ၁၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်က မိမိအနေဖြင့် ၎င်းမှချစ်ကြိုက်နေကြောင်း ပြောဆိုခဲ့ရာ ယင်းအမျိုးသမီးမှလက်မခံသဖြင့် ကတ်ကြေးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာ နေရာအနီးရှိ ရည်းစားစကားပြောခံရသည့် ထိုင်းအမျိုးသမီး၏ သူငယ်ချင်းများက ဝိုင်းဝန်းဖြန်ဖြေခဲ့သော်လည်း အောင်ထွေးနိုင်က လက်မခံသည့်အပြင် ဝိုင်းဝန်းဖြန်ဖြေသူ ၃ ဦးကိုပါ ကတ်ကြေးဖြင့်ထိုးခဲ့သည့်အတွက် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြကြောင်း သိရသည်။

 

ymg/mt #Local_News #ရည်းစားစကား #ထိုင်းအမျိုးသမီး #ကတ်ကြေးဖြင့်ထိုး #YMG #Yangon_Media_Group