#Local_News
Published-15 March 2023

 

ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက မတ်လ ၁၅ ရက် (ယနေ့) တွင် ထုတ်ပြန်လိုက်သည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ ၊ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်၍ တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

 

မြန်မာသံရုံး၊ တိုကျိုမြို့မှ မတ်လ (၁) ရက် မှ မတ်လ (၁၅) ရက် အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၀၆) ခုတွင် မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး(၅၀၀)ကျော်၊ စုစုပေါင်း ဦးရေ(၈၀၀)ကျော် ခေါ်ယူမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက်မှ ဖေဖော်ဝါရီလ (၂၈)ရက်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၃၄) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၇၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သေးသည်။

 

#ymg/mt #Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား
#YMG #Yangon-Media-Group