#Local_News
Published_ 15 March 2023

 

၂၀၂၄ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Haigeng Training Center တွင် မတ်လ ၁၄ရက်မှ ၂၄ ရက် အထိ သွားရောက်လေ့ကျင့်ခြေစမ်းနေကြကြောင်း သိရသည်။

 

ပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်ခြေစမ်းမည်ဖြစ်ပြီး ခရီးစဉ်အတွင်း ခြေစမ်းပွဲများအဖြစ် မတ်လ ၁၇ ရက်တွင် ကမ္ဘောဒီးယား အမျိုးသမီးအသင်း၊ မတ်လ ၁၉ ရက်တွင် Sichuan FC ၊ မတ်လ ၂၂ရက်တွင် Changchun FC တို့နှင့်ခြေစမ်းပွဲများ ကစားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

၂၀၂၄ အိုလံပစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အမျိုးသမီးလိဂ် ၂၀၂၂ အပြီး နိုဝင်ဘာလ က စတင်၍ ပဏာမ ကစားသမား (၃၅)ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီးနောက် အိုလံပစ်ခြေစစ်ပွဲအတွက် ပဏာမ ကစားသမား ၂၄ ဦးကို ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု(B)တွင် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှ လက်ခံ ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

#ymg/mt #Local_News #လက်ရွေးစင်အမျိုးသမီး #အိုလံပစ် #ကူမင်းမြို့ #YMG #Yangon_Media_Group