#Local_News
Published_ 15 March 2023

 

ယခုနှစ်နွေရာသီမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက အပန်းဖြေချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီးသွားဧည့်သည်ဝင်ရောက်မှုတွေပြန်လည်များပြားခဲ့လာတယ်လို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါသည်။

 

သင်္ကြန်မတိုင်ခင်ကာလဖြစ်သော်လည်း ချောင်းသာကိုပြည်တွင်းခရီးသွားလာရောက်မှုမှာ လျော့ကျခြင်းမရှိဘဲ ယခင်နှစ်ထက်ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

 

လတ်တလောကာလမှာ ချောင်းသာကမ်းခြေသို့ ခရီးသွားဝင်ရောက်မှုကထောင်နဲ့ချီရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုသည်။

 

ကိုဗစ်ကာလကတည်းက ခရီးသွားဝင်ရောက်မှုလျော့နည်းခဲ့သောချောင်းသာဟိုတယ်များသည် ရုံးပိတ်ရက်ဆိုလျင် ဟိုတယ်အခန်းပြည့်နှင့် ကြားရက်လျင်ဟိုတယ်အခန်းသုံးဆယ်ကျော်အမြဲ တည်းခိုနေကြောင်း သိရသည်။

 

ယခင်နှစ်ခရီးသွား ရာသီကာလမှာ ချောင်းသာကမ်းခြေသို့ တစ်ရက်လျှင်ခရီးသွားဧည့်သည် ၁၂၀၀ ကနေ ၁၃၀၀ ကြားအထိ ဝင်ရောက်မှုရှိပြီး ယခုနှစ်လက်ရှိအချိန်မှာ နှစ်ဆကျော်ခန့်မြင့်တက်လာတယ်လို့ဟိုတယ်/ခရီးဌာနရဲ့စာရင်းတွေအရ သိရသည် ။

 

#ymg/ppk #Local_News #နွေရာသီကာလ #ချောင်းသာ
#YMG #Yangon-Media-Group