#Local_News
Published_ 15 March 2023

 

ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ နှင့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ စုစုပေါင်း ၂၃ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်များအရ သိရသည်။

 

ထို့အပြင် မတ်လ ၁၄ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) နဲ့ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လာရောက် လျှောက်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

 

လက်ရှိနိုင်ငံပါတီအဖြစ်လျှောက်ထားသည့်ပါတီတွေထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမည့်ပါတီ ၅ ပါတီရှိပြီး တိုင်းနှင့် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိကြောင်းလည်းသိရသည်။


အဆိုပါ ပါတီများ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် နိုင်ငံရေးပါတီများပြန်လည်မှတ်ပုံတင်ရန် ကြေညာထားပြီး ရက်ပေါင်း၆၀အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားရမှာဖြစ်ကြောင်း သိရသည်။

 

#ymg/ynzw #Local_News #နိုင်ငံရေးပါတီ #ဥပဒေအသစ်
#YMG #Yangon_Media_Group