#Local_News
Published_ 15 March 2023

 

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာတွင် မတ်လ ၁၄ ရက်က လက်ပစ်ဗုံး၊ သေနတ်များဖြင့် ပစ်ခတ်ဖောက်ခွဲမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးသေဆုံးပြီး အမျိုးသား ၂ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

 

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၀ အရွယ် ဦးအေးထွန်း က သူ၏နေအိမ်တွင် တစ်ရွာတည်းနေ ဦးမင်းဇော်ဦး (၄၄) နှစ်နှင့် ဦးစိုးမိုးဦး (၃၀) နှစ်တို့နှင့်အတူရှိနေစဉ် သေနတ်သမားများ ရောက်လာပြီး လက်ပစ်ဗုံး၊ သေနတ်များဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဦးအေးထွန်းတွင် ဗုံးသီးစ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဦးမင်းဇော်ဦးနှင့် ဦးစိုးမိုးဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

 

#ymg/mt #Local_News #ကြို့ပင်ကောက် #ပစ်ခတ်မှု #၂ ဦးဒဏ်ရာရ
#YMG #Yangon_Media_Group