#Local_News
Published_ 15 March 2023

 

ရန်ကုန်တိုင်းဒေသကြီးမှ သယ်လာသည့် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို တနင်္သာရီတိုင်းဒေသကြီးအတွင်း မတ်လ ၁၀ ရက်တွင် ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဗဟိုက မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

 

ရန်ကုန်မြို့မှ မြိတ်မြို့သို့ ဖိုးသဲမောင်းနှင်ပြီး သန်းထွန်းအောင်(ခ)မဲကြီး၊ ဇာနည်ဦး(ခ)စိန်သူနှင့် မြတ်သူ(ခ)ဘုကြီးတို့ လိုက်ပါလာသော MITSUBISHI FUSO ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါ ပလတ်စတစ်ခြင်း ၆ ခြင်းအတွင်းမှ ဒေသကာလ တန်ဖိုး ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၂ ကီလိုတို့ကို ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါ အဆိုပါဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#ymg/mt #Local_News #ရန်ကုန် #စိတ်ကြွရူးသွပ်ဆေးပြား
YMG#Yangon_Media_Group