#LocalNews
Published-25 February 2023

 

ယာယီရပ်ထားသော မလေးရှားရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်လုပ်ငန်းစဉ် ပြန်လည်စတင်မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ကွာလာလမ်ပူ)က သိရသည်။

 

နိုင်ငံကူးလက်မှတ်ထုတ်ပေးမည့် နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်ရှိသောကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်ကစတင်ရပ်နားခဲ့သော အဆိုပါလုပ်ငန်းစဉ်ကို မတ်လ ၁ ရက်တွင် ပြန်လည်စတင်မည်ဟု အဆိုပါသံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ယာယီရပ်နားထားစဉ်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ရက်ချိန်းယူထားသူများအား သက်မှတ်နေ့အလိုက် မတ်လ ၁ ရက်ကတင် ပြုလုပ်ပေးမည်ဖြစ်ပြီး ရက်ချိန်းရယူထားသူများအနေဖြင့် သံရုံးသို့ လာရမည့်ရက်ကိုလည်း ထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားသည်။

 

ymg/mt

#Yangon_Media_Group