#Local_News
Published_ 26 February 2023

 

ရန်ကုန်မြို့၊ MCC ခန်းမ၌ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ထုတွေ့ဆုံပွဲကိုကျင်းပခဲ့ကြောင်း သိရပါတယ်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ၊ ဒုတိယ ဥက္ကဌ ဦးမျိုးဇော်သိန်း ၊ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ များ၊ တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များ၊ ပါတီဝင် လူငယ် မောင်မယ်များနှင့် ပါတီဝန်းရံသူများအင်အားစုစုပေါင်း ၃၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

 

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်ရီက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လူငယ်များနှင့်ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn

#Yangon_Media_Group