#Local_News
Published_ 25 February 2023

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း (တဂေးချောင်းဖျား) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦး အား နစက ဆန့်ကျင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ဖေဖော်ဝါရီလ ၂၃ ရက်က ကျောင်းအုပ်ဆရာမကြီးနှင့် တခြား ဆရာမ ၆ ဦးတို့ ကျောင်း၌ရှိနေစဉ် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာသော နစက ဆန့်ကျင်သူများက အဓမ္မဖမ်းဆီးခေါ်ဆောင်၍ အဆိုပါကျေးရွာအနီးရှိ တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေး၌ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ ဖမ်းဆီးသတ်ဖြတ်သွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်၍ သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြကြောင်း သိရသည်။

 

#ymg/mt #Local_News #Crime #ကျိုက်ထို #နစက #YMG
#Yangon_Media_Group