#Local_News
Published_ 25 February 2023

 

နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန် မူဝါဒများချမှတ်ဆောင်ရွက်နေပြီး နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဆီတင်သွင်းသည့်နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့်နိုင်ငံသို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ဖို့ လမ်းညွှန်ချက်ပေးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကပြောသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ စားသုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောလိုက်တာဖြစ်သည်။

 

စားသုံးဆီတင်ပို့နိုင်သည့် အခြေနေရောက်အောင် ပြည်တွင်းရှိစိုက်ပျိုးထုတ်လုပ်သူတောင်သူများ အပါအဝင် ကြိတ်ခွဲထုတ်လုပ်သည့်ဆီလုပ်ငန်းရှင်များနှင့် ပြည်ပဆီတင်သွင်းဖြန့်ဖြူးသည့် ဆီလုပ်ငန်းရှင်များအားလုံးပူပေါင်းပါဝင်ဖို့လိုကြောင်း ပြောဆိုလိုက်သည်။

 

အစိုးရအနေနဲ့စားသုံးဆီလက္ကားဈေးနှုန်း တစ်ပိဿာကို ၄၄၇၀ ကျပ်ဖြင့် ရောင်းချဖို့သတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကလည်း ရန်ကုန်မြို့ရှိမြို့အချို့မှာ တစ်ပိဿာ ၄၇၀၀ ကျပ် ဖြစ်ရောင်းချပေးနေသည်။

 

စားသုံးဆီကို ဈေးကစားဖို့ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက ဥပဒေအရအရေးယူဆောင်ရွက်သွားဖို့ သတင်းထုတ်ပြန်ထားသည်။ ပြင်ပစားသုံးဆီဈေးကတော့ တစ်ပိဿာကို ငွေကျပ် ၇၀၀၀ နှုန်းပေါက်ဈေးရှိနေသည်။

 

#ymg/ynzw #Local_News #Oil_export #YMG
#Yangon_Media_Group