#Local_News
Published_ 17 February 2023

 

ဖေဖော်ဝါရီလ ၁၇ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်ခန့်က လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ သစ်ပင်ကြီးများလဲကြမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှ သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ CNG မော်တော်ယာဉ်သုံးဓာတ်ငွေ့အရောင်းဆိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်(၈)လမ်းပေါ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည့်အတွက် မြို့နယ်မီးတပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့ရပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မှာလည်း သစ်ပင်လဲကြ၍ သွားကူညီရှင်းလင်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှ သိရသည်။

 

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

 

#ymg/ynzw
#Yangon_Media_Group