#Local_News
Published_ 17 February 2023

 

အသေးစားလုပ်ငန်းများအတွက် ချေးငွေလုပ်ငန်းများကို စတင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် က သိရသည်။

 

ဖေဖော်ဝါရီလ ၁၆ ရက်က ကျင်းပခဲသည့် “အခွင့်အလမ်းများမှသည် အောင်မြင်ခြင်းဆီသို့”အခမ်းအနားအတွင်း ဧရာဝတီဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဝင့်ဦး က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

"ချေးငွေကတော့ Micro Level ပေါ့နော်၊ Micro Level ဆိုတာကတော့ အသေးစားလုပ်ငန်းတွေ ရှိပါတယ်။ခန့်မှန်းပြောရရင် ၁၀၀ ကနေ ၃၀၀ ထိ ရှိပါတယ် ခင်ဗျ။ အသေးစားကိုပဲ ရည်ရွယ်တာ ဖြစ်တဲ့အတွက် ပြန်ဆပ်ရမယ့် သက်တမ်းကလည်း တစ်နှစ် သက်တမ်း ထားပါတယ်။လိုအပ်ချက်တွေကတော့ လုပ်ငန်းနဲ့ပတ်သက်တဲ့ လိုင်းစင်တွေ၊အထောက်အထားတွေ စတဲ့လိုအပ်တာတွေကို တင်ပြရမှာပါချေးငွေအမျိုးအစားကတော့ ဘဏ်အနေနဲ့ အမျိုးအစားအများကြီးရှိနေပါတယ်"ဧရာဝတီဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဝင့်ဦး က ပြောသည်။

 

မြန်မာနိုင်ငံတွင် ၉၀ ကျော်သော လုပ်ငန်းများမှာ MSME လုပ်ငန်းများ ဖြစ်ပြီး လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိကာ စီးပွားရေးကဏ္ဍ ၂၄ ခုတွင် အဓိကလုပ်ကိုင်နေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

"MSME အများစုက ငွေကြေးအရင်းအမြစ်က လိုအပ်ချက်တစ်ရပ် ဆိုပေမဲ့ တကယ်တမ်း လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ ငွေကြေးအရင်းအမြစ်ရှိခြင်း သက်သက်နဲ့လည်း အောင်မြင်မှုကို မရရှိနိုင်ပါဘူး၊မိမိတို့ လုပ်ငန်းအောင်မြင်ဖို့အတွက် အခြေအနေ အချိန်အခါ အခွင့်အရေးကို မှန်ကန်စွာသုံးသပ်နိုင်ပြီး စွန့်စား လုပ်ကိုင်နိုင်ဖို့နဲ့ တစိုက်မတ်မတ် အားစိုက် လုပ်ကိုင်နိုင်ဖို့ ဆိုတာ အရေးကြီးပါတယ်"ဟုအဆိုပါ အခမ်းအနားတွင် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းကထည့်သွင်းပြောကြားသွားသည်။

 

ယင်း အခမ်းအနား၏ Panel Discussion အစီအစဉ်တွင် Moderator အဖြစ် ဒေါက်တာ အောင်သိန်း (CEC - UMFCCI, Vice Chair of Myanmar Barcode Association )က ပြုလုပ် ပေးပြီး Panelists များအဖြစ် ဦးမြင့်ဇော် ( CEO - AYA Bank ) ဦးထွန်းထွန်းနိုင် -(Vice Chair of MSME Association of Myanmar )နှင့် ဒေါ်နှင်းဝေ (Vice President - Myanmar Women Entrepreneurs Network (MYANWEN) တို့က ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group