#Local_News
Published_ 16 February 2023

 

နစက အစိုးရတာဝန်ယူနေတဲ့ ကာလအတွင်းမှာ လူသတ်မီးရှို့ဖောက်ခွဲရေးဖြစ်စဉ်တွေဟာ သိသိသာသာကျဆင်းလာတာမရှိသေးဘူးလို့ နစက ဥက္ကဌက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၇၇ နှစ်မြောက် အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

 

ဒီလိုလုပ်ရပ်တွေကြောင့် လူငယ်တွေလမ်းမှား မရောက်စေဖို့နဲ့ အတွေးအခေါ်မှန်ကန်လာစေဖို့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လုပ်ဆောင်ဖို့ သူကတိုက်တွန်းထားပါတယ်။

 

ဒီလိုလုပ်ရပ်တွေက တိုင်းပြည်တည်ငြိမ်အေးချမ်းမှု စည်းလုံးညီညွှတ်မှုကို မလိုလားတဲ့ ပြည်ပနိုင်ငံကြီးတွေရဲ့ သွေးထိုးလုပ်ဆောင်မှုကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ပြည်တွင်းမှသစ္စာဖောက်တွေနဲ့ ပြည်ပြေးတွေဟာ နိုင်ငံတော်အလုံးစုံပျက်ဆီးအောင် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တစ်ဖတ်သတ်အပစ်အခတ်ရပ်စဲပေးထားပြီး NCA လမ်းကြောင်းပေါ်ကနေ တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရန် ဖိတ်ခေါ်ထားတာတွေလည်း ရှိပါတယ်။

 

ဒါ့ကြောင့် နိုင်ငံပိုင်ရုပ်သံတွေအနေနဲ့ လူငယ်တွေလမ်းမှားမရောက်စေဖို့ အသိပညာပေးအစီစဉ်တွေ လုပ်ဆောင်ဖို့နစကဥက္ကဌက တိုက်တွန်းထားပါတယ်။

 

အကြမ်းဖက်လုပ်ရပ်တွေကြောင့် စိုးရိမ်ပူပန်ပြီးရှောင်တိမ်းနေကြတဲ့ပြည်သူတချို့ကိုလည်း ပြန်လာဖို့ဖိတ်ခေါ်ကြောင်း တိုက်တွန်းထားပါတယ်။

 

#ymg/ynzw
#Yangon_Media_Group