#Local_News
Published_ 16 February 2023

 

ထိုင်းနိုင်ငံမဲဆောက်တွင် MOU လုပ်သား ၄၅ ဦးကို တင်ဆောင်၍ ဘန်ကောက်သို့ မောင်းနှင်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ သေဆုံးခဲ့သော မြန်မာ MoU လုပ်သားများအတွက်လျော်ကြေး သိန်းတစ်ထောင်ခန့်ရရှိခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

 

ထိုင်းနိုင်ငံ၊ တတ်ပြည်နယ်၊ ဒေါက်လွတ်၊ မဲဆောက်လမ်းတွင် နိုဝင်ဘာလ ၂၉ ရက် ည ၉နာရီခန့်အချိန်က တိမ်းမှောက်ခြင်းဖြစ်ပြီး အများအပြားဒဏ်ရာ ရခဲ့ကြကြောင်း၊ ယင်းတွင် သေဆုံးခဲ့သည့်ပအိုဝ်တိုင်းရင်းသား ၂ ဦးအတွက် မော်တော်ယာဉ် အာမခံနစ်နာကြေးမှ အသက်ဆုံးရှုံးမှုဖြင့် ထိုင်းငွေ 1050000 ဘတ် (မြန်မာငွေ ကျပ်သိန်း ၁၀၀၀ ခန့်) ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသည့် မိသားစုဝင်များက ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှ တစ်ဆင့် မြဝတီသို့လာရောက်ကာ ဖေဖော်ဝါရီလ ၁၄ ရက်က မြဝတီ အမှတ် ၁- တံတား၌ နယ်စပ်ဖြတ်ကျော် Border Pass စာအုပ် လျှောက်ကာ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းက တံတားအဝင်ပေါက်၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံ၍ မဲဆောက်သို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon _Media_Group