#Local_News
Published_ 13 February 2023

 

လွန်ခဲ့သည့်(၆)လအတွင်း မွန်ပြည်နယ်တွင်ခွေးရူးကိုက်ခံရသူ(၆၈)ဦးရှိခဲ့ပြီး ခွေးရူးပြန်ရောဂါကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

ခွေးရူးကိုက်ခံရသည့် (၆၇)ဦးကို ခွေးရူးပြန်ကာကွယ်ဆေး(RV)ရော၊ခွေးရူးပြန်ကာကွယ်သော ပဋိပစ္စည်း(RIG)ရော အချိန်မှီထိုးနိုင်ခဲ့၍ အသက်ရှင်ခဲ့သော်လည်းကာကွယ်ဆေးထိုးရကောင်းမှန်းမသိသော ဘီးလင်းကကလေးတစ်ဦး ခွေးရူးပြန်ရောဂါဖြင့်သေဆုံးခဲ့သည်ဟု ဆိုသည်၊၊

 

ယင်းကိန်းဂဏန်းများသည် မွန်ပြည်နယ်အတွက် ခွေးရူးရောဂါသည်ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်နေကြောင်း ဖော်ပြနေပြီး ခွေးများ၏ ၇၀% ကို ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေလိုအပ်ကြောင်း၊ မိမိအိမ်ကခွေးများကို မိမိတာဝန်ယူကာ ကာကွယ်ဆေးထိုးကြရန်လိုအပ်ကြောင်း၊ လမ်းပေါ်ကပိုင်ရှင်မဲ့ခွေးများကိုလည်း တိရစ္ဆာန်ချစ်သူများက စုပေါင်း၍ ကာကွယ်ဆေးစနစ်တကျထိုးပေးကြစေလိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group