#Local_News
Published_ 13 February 2023

 

ကောလဟာလသတင်းတွေကြောင့် ပြည်တွင်းမှာရှိတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေလဲနှုန်းများ မြင့်စေရန်ဆောင်ရွက်နေကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရတဲ့အတွက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

 

ဘဏ်များအနေနဲ့ ထိုသို့ဆောင်ရွက်ခြင်းမရှိစေဖို့ ဝင်ရောက်ထိန်းကျောင်းပေးရန်နဲ့ ထိုသို့ဆောင်ရွက်နေ့တဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ဒါ့အပြင်ဘဏ်များအနေနဲ့လည်း လုပ်ငန်းရှင်တွေကို အသိပေးထားရန်နဲ့ ဝင်ရောက်ထိန်းကျောင်းခြင်းမရှိတဲ့ ဘဏ်တွေကိုလည်းအရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

 

လက်ရှိပြင်ပဒေါ်လာပေါက်ဈေးဟာ တစ်ဒေါ်လာကို ၂၈၆၀ ကျပ်ပေါက်ဈေးရှိနေပြီး ယူရို ၃၀၆၅ကျပ်အထိ ပေါက်ဈေးရှိနေတာပါ။

 

#ymg/ynzw
#Yangon_Media_Group