#Local_News
Published_2 February 2023

ဗီယက်နမ်နှင့် မြန်မာပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါကလေးလူနာ ၁၃ ဦးကို ခွဲစိတ်ရန်မလိုသောနည်းဖြင့် ကုသမှုအောင်မြင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital-1 မှ ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin နှင့် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးကုသ ဆောင်မှပါမောက္ခ(ကလေးနှလုံး) ဒေါက်တာခင်မောင်ဦး တို့ ဦးဆောင်သည့် ကလေးနှလုံးကုဆရာဝန်များ ပူးပေါင်း ၍ ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၆ ရက်ထိ မွေးရာပါ နှလုံးရောဂါကလေးလူနာများအား ခွဲစိတ်ကုသရန်မလိုသော နည်းဖြင့် ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကလေးများအား ခွဲစိတ်ကုသရန်မလိုသော နည်းဖြင့် နှလုံးပိုက်သွင်းစမ်းသပ်ကုသစက်အသုံးပြုကာ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများ ဖြင့် ကုသမှုများဆောင်ရွက်ပေးခဲ့ရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကလေးလူနာခြောက်ဦး ပြန်လည်ခေါ်ယူကြည့်ရှုရာတွင် လူနာများ၏အခြေအနေ တိုးတက်ကောင်းမွန်ကြောင်း၊ကျန်ကလေး လူနာခုနစ်ဦးအားလည်း ၂၀၂၃ခုနှစ် မတ်လအတွင်းတွင် ပြန်လည် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

 

မွေးရာပါနှလုံးရောဂါ ကလေးလူနာများကို နှလုံးပိုက်သွင်း၍ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကု ဆရာဝန်များ၊နိုင်ငံခြားမှ ကျွမ်းကျင်သော ကလေးနှလုံးအထူးကု ဆရာဝန်များက ကုသလျက် ရှိရာ ၂၀၁၅ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ထိ ကလေးလူနာ ၁၄၀၃ ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group