#Local_News
Published_2 February 2023

 

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းရရှိထားပြီး ယမန်နှစ်ထက် တစ်သန်းကျော်ပိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၇ သန်း ပို့ကုန်ဝင်ငွေ ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၆ သန်းဝင်ငွေရရှိထားကြောင်း သိရသည်။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၂၀ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားပြီး ဒီဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခှမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်း၊ ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုမှာ မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နဲ့ ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group