#Local_News
Published_2 February 2023

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် Faw ကားက Suzuki ကားကိုတိုက်၍ မောင်းပြေးသွားသည့်အတွက် နှစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ် ယနေ့ ဖေဖော်ဝါင်္ရလ ၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

"မနက် ၈ နာရီခွဲလောက်ကဖြစ်တာ၊ အုတ်ဖိုစု နားလေးမှာပါ။လမ်းက ခြောက်လမ်းသွားလမ်းမကြီးလေ၊ ကားက မြေသယ်တဲ့ Faw ကား ၊ အဖြူရောင်ပဲ၊ ဝင်တိုက်တာ အတိုက်ခံရတဲ့ Suzuki ကားပေါ်က လူတွေ ဒဏ်ရာရတာပေါ့။ ကားလည်း မှောက်တယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။

 

ယင်းဖြစ်စဉ်ကြောင့် Suzuki ယာဉ်ပေါ်လိုက်ပါလာသော အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရသွားသည့်အတွက် ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းက သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group