#Local_News
Published_31 January 2023

 

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ပြခန်းများနှင့် ဈေးရောင်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်း ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း၊ အဆိုပါပြခန်းနှင့်ဈေးရောင်းပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်များဖြင့်ဧည့်ခံ ဖျော်ဖြေမည်ဖြစ်ပြီး ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အနုပညာပြခန်း၊ ဝတ်စားဆင်ယင်မှုပြခန်း၊ ဒေသထွက်ကုန် ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်းပြခန်း ၅၅ ခန်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက် မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့် အိမ်သုံးဆေးဝါး၊ တိုင်းရင်းဆေးများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ဆက်စပ် ပစ္စည်းများ၊ ဟိုတယ်နှင့်အိမ်သုံး မီးဖိုချောင်နှင့်ဧည့်ခန်းသုံး ပစ္စည်းများပြခန်း ၃၅၆ ခန်း ပါဝင်မည်ဖြစ်ကြောင်း လည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group