#Local_News
Published_31 January 2023

 

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၅ ဦးကို ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၂၉ ဦး၊ CBT ကုန်ထုတ်လုပ်သား ၅ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၀ ဦး၊ စိုက်ပျိုး၊မွေးမြူရေး လုပ်သားသစ် ၆၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၀ ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး၊မွေးမြူရေး လုပ်သား ၃ ဦးကို ယခုလထဲတွင် ပထမဦးဆုံးအကြိမ်စေလွှတ်ထားကြောင်းလည်း သိရသည်။ လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး တောင်ကိုရီးယားနိုင်ငံတွင် လုပ်ကိုင်နေကြောင်းလည်း သိရသည်။

 

ယင်းအပြင် တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကိုလည်း လာမည့် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစားမေးပွဲတွင်လူဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group