#Local_News
Published _28 January 2023

 

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ Nagasaki ကမ်းလွန်ပင်လယ်ပြင်တွင် ဇန်နဝါရီလ ၂၅ ရက်က Jin Tian အမည်ရှိ ဟောင်ကောင်ကုန်တင်သင်္ဘောနစ်မြုပ်မှုတွင် မြန်မာ ၈ ဦးပါဝင်ခဲ့သည့်အနက် တစ်ဦးကိုအသက်ရှင်လျက် ကယ်ဆယ်နိုင် ပြီး ၂ ဦးအလောင်းရရှိကာ ၅ ဦး ပျောက်ဆုံးနေဆဲဖြစ်‌ကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

 

အဆိုပါ သင်္ဘောပေါ်တွင် သင်္ဘောသား ၂၂ ဦးပါရှိသည့်အနက် မြန်မာနိုင်ငံသား ၈ ဦးပါဝင်ကြောင်း၊ မြန်မာသံရုံး၊ တိုကျိုမြို့မှ ဂျပန်နိုင်ငံသက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများသို့ ဆက်သွယ်စုံစမ်းမှုအရရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် သင်္ဘောသား (၁၃)ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် မြန်မာနိုင်ငံသား (၃) ဦးပါဝင်ကာ (၂) ဦးမှာ အသက်ဆုံးရှုံးခဲ့ပြီး၊ (၁) ဦးမှာ အသက်ရှင်လျက်ရှိနေကြောင်း၊ ကျန်မြန်မာနိုင်ငံသား ၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ် ကြောင်း သိရသည်။

 

အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် မြန်မာသင်္ဘောသားနှင့်ဇန်နဝါရီ လ၂၆ရက်တွင် အဆက်အသွယ်ရရှိခဲ့ပြီး ဘေးကင်းလုံခြုံသည့်နေရာသို့ရောက်ရှိပြီ ဖြစ်ကြောင်း၊ ပျောက်ဆုံး မြန်မာသင်္ဘောသားများ သတင်း ကို စုံစမ်းလျက်ရှိသည့်အပြင် အသက်ဘေးမှလွတ်မြောက်ခဲ့သည့် မြန်မာသင်္ဘောသားအတွက်လည်း လိုအပ် သည့် ထောက်ပံ့မှုကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

#ymg/mt
#Yangon _Media_Group