#Local_News
Published _28 January 2023

 

ဝေဇယန္တာလမ်းပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၇ ရက် ည သန်းခေါင် ၁၁ နာရီ ၄၅မိနစ်ခန့်က ကား ၅ စီး ဆင့်တိုက်၍ တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသည့်အတွက် သင်္ကန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်လိုက်‌ကြောင်း
လိုက်ပါကူညီခဲ့သည့် Medical လူငယ်များ အသင်းက သိရသည်။

 

ဝေဇယန္တာလမ်းမကြီး Orange center နှင့် မျက်နှာချင်းဆိုင်ဘက်ခြမ်း၊ ချစ်သူကြီး ဘီယာဆိုင်ရှေ့တွင် တိုယိုတာ ဟာရီယာ အဖြူရောင်ကားက ရပ်ထားသော ကားများကို နောက်မှဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဆိုင်ရှေ့လမ်မ၌ ကားရပ်မည့်နေရာ စနစ်တကျစီစဥ်ပေးနေသော ဘီယာဆိုင်က လုံခြုံရေးဝန်ထမ်းမှာ ထိခိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Photo - Medical လူငယ်များအသင်း
#Yangon_Media_Group