#Local_News
Published_ 20 January 2023

 

ကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း များနှင့် အခြားဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ သယ်ယူစဉ် ဖမ်းဆီးမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးက ထုတ်ပြန်လိုက်သည်။

 

ဇန်နဝါရီလ ၁၄ ရက်နံနက် ၇ နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-လွိုင်လင်သွားကားလမ်း၊ (၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တောင်ကြီးမှ လွိုင်လင်ဘက်သို့ ဇော်ဌေးအောင် မောင်းနှင်ပြီး အာကာလိုက်ပါလာသည့် ၂၂ ဘီး တွဲယာဉ်ကို ရှာဖွေရာယာဉ်ပေါ်တွင် အချိုရည်ကတ်များဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင်လာသော သံပီပါ(၈၀)လုံးဖြင့် ထည့်လျက်ဓာတုပစ္စည်း Sulfurous Dichloride ၁၂ တန် သိမ်းဆည်းရမိခဲ့ပြီးနောက် ကွင်းဆက်အရ ထပ်မံ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၅ ရက်တွင် တောင်ကြီးဘက်မှ လွိုင်လင်ဘက်သို့ မျိုးအောင် မောင်းနှင်ပြီး ပြည့်ဖြိုးအောင် လိုက်ပါလာသော ၂၂ ဘီးတွဲယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် စည်သူအောင် မောင်းနှင်ပြီး တင်အောင်ဝင်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်တို့ ၂ စီးပေါ်တွင် အုတ်နီခဲများဖြင့် ဖုံးအုပ်၍ တရားမဝင်သယ်ဆောင်လာသော ပလတ်စတစ်ပီပါ(၁၁၉)လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Benzyl Cyanide ၁၇ ဒသမ ၈၅ တန်နှင့် Caustic Soda ၆ ဒသမ ၇၅ တန်တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်းလည်း သိရသည်။

 

ယင်းနောက် တာဝန်ခံသယ်ဆောင်သူ ဇော်လင်းစိုး အား တောင်ကြီး-ဟိုပုံးသွားကားလမ်းဟိုပုံးမြို့အဝင်တွင် PAJERO မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်သူ မြတ်သူအား အောင်ပန်းမြို့ မိုးကောင်းရပ်ကွက်တွင်လည်းကောင်း၊ လွိုင်လင်မြို့ နယ်၊ လွိုင်လင်ယ တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မျိုးကျော်(ခ)အားမီ မောင်းနှင်ပြီး ရွှေမင်းဦး(ခ)ကောင်းထက် လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်ပါ တရားမဝင်သယ်ဆောင်လာသော ဓာတုပစ္စည်း SODIUM HYDROHIDE, ANHYDROUS(NaOH) ၁၄ ဒသမ ၉၅ တန် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၆ ရက်ကလည်း သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာရှိ စစ်ဆေးရေးစခန်းအနီးတွင် သာစည်ဘက်မှ တောင်ကြီး မြို့ ဘက်သို့ ချစ်တိုင်းအောင်မောင်းနှင်ပြီး ကျော်ဇင်ခက် လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် သံပီပါ(၅၀)လုံးဖြင့်ထည့်လျက် တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ် ဓာတုပစ္စည်း Toluene ၃ တန် Methylamine ၄ ဒသမ ၅ တန်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊အင်းစိန်မြို့နယ်ရွှေပြည်သာ၊ စက်မှုဇုန်(၃)မင်းကြီးမဟာမင်းခေါင် လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ စိုင်းခေးလှိုင်အားတွေ့ရှိပြီး ဂိုဒေါင်အတွင်း တရားမဝင် သိုလှောင်ထားရှိသည့် သံပီပါ(၃၀)လုံးဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း Toluene ၄ ဒသမ ၅ တန် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ၆၃ ဒသမ ၅၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း လည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group