#Local_News
Published_ 12 January 2023

 

ထောက်ကြံ့လမ်းဆုံတွင် တို့ဆေးမိထားသည့် ပုံစံပေါက်နေသည့် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အဘတစ်ဦး ထောက်ကြန့်လမ်းဆုံသို့ရောက်နေကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊

 

အဆိုပါ အဘသည် အသက်(၆၀)ကျော်အရွယ်ရှိပြီး အမည်ဦးလှိုင်မြင့်၊အဘအမည်ဦးမောင်ကြည်၊ ဇနီး ဒေါ်တင်နွယ်အေး၊ နေရပ် ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိုသည်ကလွဲ၍ ဘာမှမေးမြန်း၍မရသေးကြောင်း စတင်တွေ့ရှိသူများထံမှ သိရသည်၊၊

 

အဆိုပါ အဘထံတွင်ဖုန်းနှစ်လုံးနှင့် အိတ်ပါခဲ့သည်ဟုဆိုသော်လည်း လက်ရှိတွင် အဝတ်တစ်ထည် ကိုယ်တစ်ခုသာရှိတော့သည်ဟု ဆိုသည်၊၊

 

လတ်တလောတွင် ထောက်ကြန့်လမ်းဆုံ ကားဂိတ်အနီးတွင်အဘအား အနီးအနားဝန်းကျင်မှ စောင့်ရှောက်ပေးလျက်ရှိပြီး အသိမိတ်ဆွေများဖုန်း 09-966285480 နှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်ပေးစေလိုကြောင်း စတင်တွေ့ရှိသူများက YMGကို ​ပြောပြသည်၊၊

 

#ymg/tthl
#Yangon_Media_Group